Saturday, January 30, 2016

အသွေးအသားစားသောစုန်း

အသွေးအသားစားသောစုန်း




အသွေးအသားစားတဲ့စုန်း"
*************************

ကျနော်ခုနှစ်တန်းကျောင်းသားဘဝကဖြစ်ခဲ့တာပါ
နွေကျောင်းပိတ်ရက်ဖြစ်နေလို့သာပညာရေးကိုမထိခိုက်ခဲ့တာပါ
အဲ့အချိန်ကစုန်းဆိုတဲ့စကားလုံးဟာ
အမြဲလိုလိုကြားနေရတဲ့အချိန်မဖွံဖြိုးသေးဘူးပေါ့ပြုစားတာတို့ဘာတို့
ခေတ်စားနေတဲ့အချိန်ကျနော်နေတဲ့ရပ်ကွက်ကလည်းတောများတယ်
တညမှာ ကျနော်အိပ်နေတုန်းရုတ်တရက်လူမဲကြီး
တယောက်အတင်းဖက်လုံးပြီးကျနော်ရဲ့လက်မောင်းကိုက်တယ်
ဘာလိုမှရုန်းမရဘူးသူကိုက်တာလည်းအတော်ပင်နာကျင်နေပြီ
အော်လည်း အသံမထွက်ဒါနဲ့ကျနော်အမေက
လာလှုပ်နိုးမှအိပ်မက်မက်ကြောင်းသိရတော့တယ် 
အမေက သားဘာမြင်မက်နေတာလည်းတအိအိနဲ့ 
အသံကြားလို့လာလှုပ်နိုးကြောင်းကျနော် အတော်ပင်လန့်နေသည်
အမေသာလာမနိုးရင်သေလောက်ပြီ အိပ်မက်မက်တဲ့အကြောင်းကို
အမေကိုပြောပြတော့ မန်းရေသောက်ခိုင်းဘုရားစာရွှတ်ခိုင်းလေသည် 
ဒီလိုနဲ့ပြန်အိပ်ပျော်သွားလေသည်
မနက်အိပ်ယာနိုးတော့ကျနော်အဖျားတတ်လာတယ်ဗျ 
အကောင်းကြီးကနေဘယ်လိုဖြစ်မှန်းမသိ
လူလည်းအားမရှိသလိုပဲဗျ ကျနော်လက်မောင်းကနာနေလို့
ကြည့်လိုက်တော့ အကွင်းလိုက်ညိုပုပ်နေတာတွေ့လိုက်ရတယ်ဗျာ
ဒီလိုနဲ့ကျနော်သုံးရက်လေးရက်လောက်အဲ့လိုညဆို
လူမဲကြီးကကျနော်ကိုလာကိုက်တာပဲမြင်မက်နေတယ်
မနက်ရောက်လို့ကြည့်ရင်ဒဏ်ရာကွက်တွေတွေ့ရတယ် 
အဖျားကလုံးဝကိုမကျဘူးအခြေနေကတရက်ထက်တရက်
ပိုဆိုးလာတယ်ညဆိုအိပ်ရမာကိုကြောက်နေပြီ
မီးပျက်တဲ့ညကပေါ့ လူမဲကြီးလာနေကျ
အချိန်ကျနော်မအိပ်ပျော်သေးဘူး
ခွေးတွေလည်းတအားအူနေသည်
ကျနော်အရမ်းကိုကြောက်နေပြီ
လှေကားပေါ်တတ်လာတဲ့ခြေသံကြားရသည်
မကြာပါကျနော်ဘေးရောက်နေပြီ ကျနော်ကြည့်လိုက်တော့
ထိုလူမဲကြီးမှာမိန်းမတယောက်ဖြစ်နေတာကိုတွေ့လိုက်ရသည်
ပြတင်းပေါက်ကလရောင်ဝင်းနေလို့သာတွေ့ရခြင်းဖြစ်သည် 
ထိုမိန်းမကြီးမာ မျက်လုံးနီနေပြီး
တကိုယ်လုံးသူ့ဆံပင်နှင့်ဖုံးအုပ်နေခြင်းဖြစ်သည် 
ကျနော်အရမ်းကြောက်ပြီးအော်လိုက်သည်အသံက 
မထွက်မိန်းမကြီးကကျနော်ရဲ့ရင်ဘတ်ကို 
ကိုက်လေတော့သည်ကျနော်ဘာမှမတတ်နိုင်
အော်မရရုန်းမရနဲ့ သူကိုက်တာအလွန်နာကျင်လွန်းလှသည် 
ကျနော်သတိရလိုက်သည် ဘုရားစာရွတ်ရန်
ဘုရားစာရွတ်လိုက်သည်နှင့်တခါ
ထဲပျောက်သွားလေတော့သည်
ကျနော် အမေဟုအော်လိုက်သည်
အသံကထွက်လာပြီ အမေကျနောနားရောက်လာပြီး 
ခါတိုင်းလိုရေမန်းတွေဖြန်းသောက်လည်းသောက်ခိုင်းလေသည်
ရေမန်းသောက်ပြီးမကြာပါအိပ်ပျော်သွားသည် 
တရက်ပြီးတရက်ကျနော်အရိုးပေါ်အရေတင်ဖြစ်လာသည်
အဖျားလည်းမကျ ဆရာဝန်ကကျနော်ကို
ဆေးရုံမတတ်စေပဲအိမ်ကိုလာရောက်ကုသပေးသည်
ကျနော်တကိုယ်လုံး အညိုကွက်ပေါင်းများစွာရှိနေပြီဖြစ်သည်
ကျနော် တရက်ကို ကြက်ပြုတ်ရည်
တခါသောက်ရင်သုံးဇွန်းပဲသောက်ရတော့တဲ့ထိ
ဖြစ်လာတော့သည်လူကိုမထိုင်နိုင်တော့တနေ့လုံးဆေး
သွင်းနေရသည်ညဆိုထိုမိန်းမကြီးမှာ
အမြဲကျနော်ဘေးလာရပ်၍စူးစူးဝါးဝါး 
စိုက်ကြည့်နေတတ်သည် ဘုရားစာရွတ်လျင်ပြန်ပျောက်သွားသည် 
ကျနော်မအိပ်ပျော်ရင်တော့ဘုရားစာရွှတ်နိုင်သည် 
အိပ်ပျော်နေရင်တော့ မိန်းမကြီးကိုက်ခဲတာ
ကိုခံရတော့သည် သူကိုက်လျင်
အတော်ကြာအောင်ကိုက်ခဲထား
ပြီးမှပြန်လွတ်တော့သည် ကိုက်ပြီး
ရင်လည်းအခန်းထဲကနေတလှမ်း
ခြင်းလှမ်းပြီးထွက်သွားတတ်သည်
တစ်လပြည့်တော့မည်ကျနော်ဖျားတာ 
ဆရာဝန်လည်းလက်လျော့ထားတဲ့ပုံ 
အမျိုးတွေကိုအကြောင်းကြားပြီခေါ်ထားပြီ ဖြစ်သည်
ကျနော်မျက်လုံးတောင်နည်းပဲဖွင့်နိုင်တော့တဲ့ 
အခြေနေရောက်သွားပြီကောအမေကတော့အမြဲငိုနေတယ် 
ဒါနဲ့ကျနော်ရဲ့ဦးလေးလည်းရောက်လာတယ် 
သူကပယောဂတွေကုတတ်တယ်
သူအိမ်ရောက်တာနဲ့ကျနော်ကိုလာကြည့်တော့ 
မဟုတ်သေးဘူးဒါကရိုးရိုးတန်းတန်းဖြစ်တဲ့ရောဂါမဟုတ်ဘုး 
ငါ့တူလေးစုန်းစာဖြစ်နေတာစုန်းစာဆိုတာ
စုန်းတွေစားတဲ့အစားအစာပေါ့
ကျနော်အဖေကိုခေါ်ပြီးပြောတယ်
အဖေကလည်းခွင့်ပြုတယ်အထက်လမ်းဖြင့်ကုဖို့ကို မထူးတော့ဘူး
ကောင်းမယ်ဆိုဘာဖြစ်ဖြစ်လုပ်မယ်ပေါ့ ညရှစ်နာရီလောက်ပေါ့
ဦးလေးက ဘေးမှာထိုင်ပြီးကျနော်
နဖူးကိုကိုင်ပြီးဘုရားစာရွှတ်နေသည် 
ကျနော်အားပြည့်လာသလိုခံစားနေရသည်
ဦးလေးဘုရားစာရွှတ်နေတုန်း ဘယ်ဘက်ကမှန်းမသိတဲ့
မိန်းမတယောက်ရဲ့ကျယ်လောင်စွာအော်ရီသံကို
ပတ်ဝန်းကျင်တခုလုံးကြားလိုက်ရသည်သူရီသံက
အတော်ခြောက်ခြားဖို့ကောင်းတယ်ဗျ အားလုံးကြားရသည်
ဦးလေးက ဘုရားစာကိုဆက်ရွှတ်နေသည်
ရီသံမာခနနေတော့ပျောက်သွားပြန်သည် 
ဦးလေးမျက်လုံးဖွင့်လာပြီးမရဘူး ပညာအရမ်းမြင့်နေပြီ
ငါကယ်လို့မရတော့ဘူးပြောတော့အမျိုးတွေကော
မိသားစုတွေကောအားလုံးငိုကြကုန်သည်
အမေကဦးလေးကို ငါ့သားကိုရအောင်ကယ်ပေးပါ
လို့ပြောပြီးငိုနေရှာတယ် 
ဒါနဲ့အိမ်ဘေးကအဖိုးတယောက်ရောက်လာပြီး 
ကျနော်အဖေအား မင်းရဲ့သားကို ငါသိတဲ့
ဆရာတယောက်နားသွားကုကြည့်ပါလား
ပြောလာတော့သည်အားလုံးကလည်းကုကြည့်ရန်တိုက်တွန်း
ကြတော့သည် ခုတော့ညနက်နေပြီ
ဘယ်လိုလုပ်မလည်း မနက်မှပဲသွားရှာမှရမာလေ 
အဲ့ဒီဆရာအိမ်လည်းတိတိကျကျမသိ
ဆရာဝန်ကြီးကိုအရင်ပင့်လိုက်သည်ဆရာဝန်က
အသက်ကယ်ဆေးတွေ ထိုးပေးပြီး စိတ်မကောင်းပါဘူးလို့
အမေကိုပြောတဲ့အသံကြားလိုက်ရသည်
ကျနော် ဘုရားစာပဲရွှတ်နေတော့သည်
ဘာမှအာရုံမထားတော့ပဲဘုရားတရားသာစိတ်ထဲထားတော့သည်
ပတ်ဝန်းကျင်ကလူတွေလည်းပြည့်နေပြီ 
အဲ့ညတော့ကံကောင်းစွာကျော်ဖြတ်လာသည်
နောက်နေ့မနက်လင်းသည်နှင့် အိမ်ဘေးကအဖိုးနှင့်အဖေအမေ
ဦးလေးတို့ ဆရာကိုပင့်ရန်ထွက်သွားကြလေသည် 
ကျနော်ကတော့မျက်လုံးအနည်းငယ်ပဲဖွင့်နိုင်တယ်
သူများပြောတာတွေတော့ကြားနေရတယ် 
မေးရင်လည်းကြားတယ် ပြန်မဖြေနိုင်ဘူးဖြစ်နေပြီ
ကံကောင်းစွာထိုဆရာကြီးအားချက်ချင်းပင်ရှာတွေ့ခဲ့သည်
ထိုဆရာကြီးမှာ ဘုရားဆေးဖြင့်သာကုသသည် 
နတ်တို့ဘာတို့မရှိငယ်စဉ်ဘဝကတည်းကကိုရင်ဝတ်ပြီး 
ကျောင်းထိုင်ဖြစ်တော့မှလူများကို 
ကယ်တင်ရန်လူထွက်လိုက်ခြင်းဖြစ်သည် 
ဘွဲ့တံဆိပ်တော်ရဘုန်းကြီးဖြစ်ခဲ့သည် 
တိုင်းရင်းဆေးများလည်းဖော်စပ်သည်
သမားတော်ဘွဲ့လည်းရရှိထားသူဖြစ်သည်
သမာဓိဖြင့်အလွန်ပြည့်စုံတဲ့ဆရာ
တစ်ဆူနှင့်တွေ့လို့သာကျနော်ဒီ
နေ့ထိအသက်ရှင်နေခြင်းဖြစ်သည်
ဆရာအိမ်ရောက်တော့ ဆရာပုတီး
စိပ်နေသဖြင့်ခနစောင့်နေလိုက်ကြသည်
ပြီးတော့ဆရာကလှည့်လာပြီး 
ကျနော်အဖေအားမင်းသားကမနက်ဖန်ဆိုမရှိတော့ဘူး
စုန်းစားလို့ကုန်ပြီ ဒီနေ့ငါ့နားရောက်လာတာအတော်ကံကောင်းသွားတယ်လို့ 
ပြောလာတော့အဖေကောအားလုံးအံသြကုန်ကြသည်
ဘာမှမပြောရသေးပဲ အကုန်သိနေတယ် 
ဒါနဲ့ကျနော်အဖေကဆရာ ကျနော်သားအသက်ကိုကယ်ပေးပါ
လို့ပြောပြီးကန်တော့လိုက်ကြသည်
ဆရာက မင်းတို့ရဲ့လူနာကဆေးသက်ကုန်သွားပြီပဲ 
ဆရာကယ်ပေးပ့ါမယ်လို့ပြောလေသည် 
ဆေးသက်ကုန်ပြီဆိုတာ ဆေးမတိုးတော့ဘူး 
ဘာဆေးသောက်သောက် အရာမရောက်တာကို ဆိုလိုခြင်းဖြစ်သည်
ဒါနဲ့ဆရာက ကျနော်အဖေအား
ခေါ်ပြီး အဖေရဲ့ခေါင်းကိုကိုင်ပြီး
ဘုရားစာရွတ်နေတော့သည်
ပြီးမှ ကျနော်အသက်နေ့နံတို့ကိုယူ
ပြီး ဖယောင်းတိုင်မာရေးပြီး ကျနော်၏ခေါင်းရင်းတတိုင်ခြေရင်း
တတိုင်ထွန်းရန်ပေးလာသည်
ပြီးတော့ ရေမန်းကိုဗူးနှင့်ပြီးသပြေ
ခက်တခက်ပါပေးသည် ထိုရေမန်း
ဖြင့်အိမ်ရဲ့လေးနေရာဖြန်းပက်ပေး
ရန်နှင့်ကျနော်အားတိုက်ပေးရန်
ပေးလာသည်ရေမန်းဖြန်းပက်စဉ်
ဘုရားစာရွတ်ရန်နှင့်မေတ္တာထား
ရန်လည်းမာကြားလိုက်လေသည်
ဒီလိုနဲ့အဖေတို့အားလုံးအိမ်ပြန်
ရောက်လာကြသည် အဲ့နေ့က
ကျနော် အတော်ပင်လန်းဆန်းနေ
သည် အိမ်ရောက်ရောက်ခြင်းအဖေက 
ဆရာမှာကြားသည့်အတိုင်းမန်းရေဖြင့် 
ကျနော်ရဲ့ကုတင်အောက်ထဲကိုဖြန်း
လိုက်သည်မကြာပါ အောက်မှနွား
ချီးပိုးတကောင်ထွက်လာသည်
ဖမ်းပြီးအိပ်ထဲထည့်လိုက်သည်
မြို့တွေမှာတော့နွားချီးပိုးဟာစုန်း
ဖန်ဆင်းထားသည်ဟုအယူရှိကြသည် 
ဒါနဲ့ နောက်ကျနော်ရဲ့ အခန်းတံခါးဝကို
မန်းရေဖြင့်ပြန်ဖြန်းလိုက်သည် 
ခနကလို နွားချီးပိုးနောက်တကောင်ထွက်လာပြန်တယ်
အတော်အံသြစရာကောင်းတယ်
နောက်ပြီး အိမ်ဝင်းတံခါး နှင့်အိမ်
ထဲသို့ဝင်သောတံခါးကိုဖြန်းပက်လိုက်သည်နှင့်
နွားချီးပိုးတကောင်စီထွက်လာတော့သည်
ကျနော်လည်းမန်းရေသောက်လိုက်သည်နှင့်
လူကောင်းတယောက်လိုထထိုင်
လာနိုင်သည်အားတွေလည်း
ပြည့်လာသလိုဖြစ်လာသည်
ဆရာပြောတဲ့လေးနေရာကိုဖြန်း
လိုက်တာနွားချီးပိုးလေးကောင်ထွက်လာသည်မှာ
အတော်အံသြမိသည် ထိုပိုးလေးကောင်ကိုအိပ်ထဲထည့်ပြီး
ကျနော်အဖေက စိတ်တိုတိုနှင့် 
ဓာတ်ဆီလောင်းပြီးမီးရှိုပစ်လိုက်သည် 
ထိုညကကျနော်အိမ်မက်ဆိုးလည်းမမက် 
လူကောင်းတယောက်လိုဖြစ်သွားခဲ့သည်
နောက်နေ့မနက် ဆရာကြီးကအိမ်
သို့ရောက်လာသည် ကျနော်အဖေ
အားမေးတော့အကုန်ပြောပြလိုက်တော့ဆရာက 
ဘာလို့မီးရှိုလိုက်ရတာလဲ မေတ္တာထားဖို့ဆရာမှာ
လိုက်တာမေ့သွားတာလားလို့အဖေကိုပြောလေသည်
ပြီးတော့ကျနော်ကိုကြည့်ပြီးကောင်လေးမင်းကံကောင်းသွားတာပေါ့
နောက်ဆိုအနေအထိုင်ဆင်ခြင်လူ
များမုန်းအောင်မလုပ်နဲ့ပြောပြီး

ကျနော်ကိုမန်းရေတိုက်ဖယောင်း
တိုင်တွေထွန်းပေးပြီးတော့ဘုရား
စင်ရှေ့မှာတရားထိုင်နေလေသည်
နာရီဝက်လောက်ကြာတော့ကျနော်အိမ်ရဲ့မြောက်ဘက်
တအိမ်ကျော်ကအဖွားကြီးဒေါ်မြ လို့ခေါ်တဲ့အဖွား
တယောက်ကျနော်အိမ်ပေါ်ကိုပြေး
တတ်လာသည် အူယားဖားယားနှင့်
ပြေးတတ်လာတော့အားလုံးကြောင်ကြည့်နေကြသည် 
သူမှာဒဏ်ရာတွေနဲ့ မီးလောင်ထားသလိုမျိုး
အတော်ကိုများသည် အိမ်ပေါ်ပြေး
တတ်လာပြီးတရားထိုင်နေသော
ဆရာအားနောက်မှ ကန်တော့ပြီး
ဆရာကြီးကျမကိုခွင့်လွတ်ပေးပါ
ကျမမှားပါတယ်နောက်မလုပ်တော့
ပါဘူး အရမ်းကိုပူလောင်နေပါပြီ
ခွင့်လွတ်ပေးပါဆရာ လို့ပြောပြီး
ငိုနေသည် ဆရာကဘုရားကန်တော့ပြီးလှည့်
လာသည် ထိုအဖွားကြီးကိုကြည့်
ပြီး နင်ကိုဆရာခွင့်လွတ်ပါတယ်
မကောင်းမှုကပဲနင့်ကိုခွင့်မလွတ်
တာ နင်ခံစားနေရတာတွေပျောက်
ချင်ရင်ဆရာကူညီပေးပ့ါမယ်
အဖွားကြီးက ကျမကိုကူညီပေးပါ
ဆရာကြီးရယ် ကျမနောက်မလုပ်
တော့ပါဘူးကတိပေးပါတယ်
ဆရာကြီးက နင်ကလူ့အသွေးအသား
ကိုစားတဲ့ကဝေတယောက်တောင်
ဖြစ်နေပြီမဟုတ်လား အဖွားကြီးက
ဟုတ်ပါတယ်ဆရာကျမ အသွေးအ
သားစားမှအသက်ရှင်နိုင်တာပါ
ကျမကဒီပညာကိုဘိုးဘွားစဉ်ဆက်
လက်ဆင့်ကမ်းရယူထားတာပါရှင်
ခုတော့လက်ဆင့်ကမ်းစရာလည်း
သားသမီးမရှိလို့ကျမအသုံးချပြီး
အသက်ရှင်နေရတာပါဆရာကြီး
ခုကျမတကိုယ်လုံးမီးရှိုထားသလို
ပူလောင်စွာခံနေရတာကယ်ပါအုံး
ဆရာကြီးရယ် အားလုံးအံသြစွာ
ငေးမောကြည့်နေကြသည် 
ထိုအဖွားကြီးမှာသူ၏ယောက်င်္ကျား
အဖိုးကြီးနှင့်သာစကားပြောသည်
ပတ်ဝန်းကျင်နှင့်မဆက်ဆံပါ
အဖိုးကြီးက အမိုက်သိမ်းအလုပ်ကို
လုပ်ပြီးဝမ်းစာရှာရသည် 
သူတို့အိမ်မှာဘိုးဘွားစဉ်ဆက်နေလာသော
အိမ်ဖြစ်သည် သူတို့ရဲ့ဇာတိကတော့ရွှာငယ်လေး
တစ်ရွှာကဖြစ်သည်
ဒါနဲ့ဆရာကြီးက ခုနင်ခံနေရတာက
ဘယ်သူမှမလုပ်ဘူးနင်ကိုယ်နင်ပဲ
ပြန်လုပ်နေတာလေ
ကျမကိုဆရာကယ်ပါရှင်လို့ငိုပြီး
ပြောနေရှာသည် ဆရာကခုနင်ခံ
နေတာတွေပျောက်ချင်တယ်ဆိုရင်
တော့ ငါပြောသလိုလုပ်မလားပြော
အဖွားကြီးကလုပ်ပ့မယ်ဆရာလုပ်ပါ့မယ်
ဆရာပြောပါဘာလုပ်ရမလည်းဆိုတာ ဆရာကြီးက ဟုတ်ပြီ
နင့်ရဲ့ပညာတွေအားလုံးဖျက်ဆီးပစ်ရမယ်
နင်မဖျက်နိုင်ရင်ဆရာဖျက်ပေးမယ် ဘယ်လိုလဲ
အဖွားကြီးကခနငြိမ်သွားပြီး 
ကျမလက်ဆင့်မကမ်းနိုင်ရင်အသေဆိုးနဲ့
ဘဝပေါင်းများစွာခံရလိမ့်မယ်လို့
ကျမရဲ့အမေကပြောသွားတယ်လက်ဆင့်ကမ်းနိုင်အောင်
ကြိုးစားရမယ်လို့မှာသွားတယ်ဆရာကြီး
ကျမဘယ်လိုလုပ်ရမလဲဆရာကြီးက 
မကောင်းမူကိုဘာလို့လက်ဆင့်ကမ်းချင်တာလဲ
နင်ခုခံရတာထက်အဆပေါင်းများစွာ
ထပ်ခံနေရမယ် မဖျက်ဆီးသရွေ့
ဒီဘဝနဲ့ပဲသံသရာလည်နေတော့မှာလား
ဖျက်ဆီးလိုက်ပါဆရာကိုတိုင်ဖျက်ဆီးပေးပ့ါမယ်
အဖွားကြီးက ဟုတ်ကဲ့ပါဆရာဒီပညာကို
ဖျက်ဆီးပေးပါဟုဆိုပြီးသူဆံပင်သုံးလေးပင်
နှုတ်ပြီးဆရာကိုပေးပြီးကန်တော့လေသည် 
ဆရာလည်းသာဓုခေါ်ပြီးဆံပင်ကိုအိပ်ထဲ
ထည့်ယူသွားလေတော့သည်
ကျနော်ကံနိမ့်နေတဲ့အချိန်ဖြစ်လို့
ပြုစားတာခံရတာပါ ထိုအချိန်မှစ
ပြီးကျန်းမာစွာကျနော်အသက်ရှင်
နေထိုင်နိုင်ခဲ့ပါတော့တယ်...
ဗဟုသုတရအောင်ပါ


မင်္ဂလာပါ

မင်္ဂလာပါသရဲအကြောင်းများကိုအချိန်ရသမျှတင်ပေးပါမည်

Friday, January 29, 2016

မင်္ဂလာပါသရဲအကြောင်းများစွာတင်ပေးမည်။