Thursday, February 4, 2016

သရဗဲနှင့်စိန်းခေါ်သောဘပုကြီး

မင်္ဂလာပါ
တစ္ဆေ နဲ့ နပန်းလုံးသော ဘကြီးပု
..........ဖြစ်ရပ်မှန်........

စာမရေးတာကြာနေတော့ မေ့နေကြပြီ
လားမသိဘူး ........

ကျနော်တို့ရွာဟာ တောင်နှစ်လုံးကြား
မှာတည်ထားသောကြောင့် အင်္ဂလိပ်
နဲ့ ဂျပန် စစ်ပွဲကာလမှာ ထိုတောင်နှစ်လုံး
မှာ တစ်ဖက်ကအင်္ဂလိပ် ကျန်တောင်တလုံးကဂျပန်စစ်ပွဲ အများကြီးဖြစ်ခဲ့
ကြတယ်လို့ရှေ့လူကြီးများကအမြဲပြော
ပြကြသည် ထို့ကြောင့် တစ္ဆေ သရဲတွေ
ထိုတောင်တွေမှာ ခြောက်လှန့်ခံရတာ
ကတော့ မဆန်းတော့ပါဘူး

ကျနော်တို့ရွာက ဘကြီးပု
............................
ဘကြီးပုသွားတဲ့နေရာတိုင်းလိုလို
တစ္ဆေ ခြောက်အမြဲခံရတပ်တယ်
ဒါပေမယ့် တစ္ဆေ ဆိုရင်ဘကြီးပု
မကြောက်ပါဘူး တစ်နေ့
ဘကြီးပုတစ်ယောက် ရွာနဲ့ နာရီဝက်ခန့်
သွားရတဲ့ သမိုင်းဝင်ဘုရားပွဲကို
သွားဖို့ ည ၁၂ နာရီမှာ အိမ်ကထွက်လာ
ခဲ့တယ် တစ်ယောက်တည်းညအချိုန်မတော် ယနေ့ထိ ဘယ်သူမှ မသွားရဲပါ
လမ်းတဝက်ရောက်တော့ ရှေ့ကလူတစ်
ယောက် ဆေးလိုက်လေးသောပြီးတော့
သွားနေတယ် ဘကြီးပုလည်း ဆေးလိုက်မီးတို့မယ်ဆိုပြီးနောက်ကလိုက်တော့ မမှီ
ဘူး ဟေ့လူ ဟေ့လူ ခေါ်ပေမယ့်မရဘူး
ခဏကြာတော့ ပျောက်သွားတယ်
ဘကြီးပုရှာပေမယ့်မတွေ့ဘူး
ဒါနဲ့ဘကြီးပုလည်း ရှေ့ကို ဆက်သွားတယ် ခဏလေးလမ်းလျှောက်လိုက်တာနဲ့ ရှေ့မှာ ခြေထောက်နှစ်ချောင်းကား
ပြီး ရပ်နေတဲ့ တစ္ဆေ ကိုတွေ့လိုက်တယ်
အရပ်က ၁၂ လောက်ရှည်တယ်
ဘယ်ရမလည်း ဘကြီးပုလည်း
တစ္ဆေ ဘကြီးပုဆိုပြီး နာမည်တစ်လုံးနဲ့
မေလာတာ
.ဟေ့ကောင်တစ္ဆေ ငါမမှီဘူး အရပ်တို
လိုက် လာကွာ ငါလည်း အေးနေတာနဲ့
အတော်ဘဲ နဘန်းလုံးမယ်လို့စိန်ခေါ်လိုက်တယ် တစ္ဆေ လည်းအရပ်ပုလိုက်ပြီး ဘကြီးပုနဲ့ အရပ်အတူတူ
ဖြစ်တာနဲ့ ဘာကြီးပုဆီကို တန်းလာ
တာဘဲ ဘကြီးပုနဲ့ တစ္ဆေ. နပန်းလုံးကြမယ် ဘတစ်ပြန်ကျား တစ်ပြန်ပေါ့
ဘကြီးပု အပေါ်ရောက်လိုက်တစ္ဆေကအပေါ်ရောက်လိုက်နဲ့ ၂ နာရီလောက်ကြာတော့ ပွဲကပြန်လာတဲ့ လူတစ်ချို့ ဘကြီး
ပုကိုမြင်တယ် ဘကြီးပုတစ်ယောက်တည်း
ဘာဖြစ်နေလည်း သွားမေးကြတော့
တစ္ဆေ နဲ့နပန်းလုံးနေကြတယ် နင်တို့
လာလို့တစ္ဆေပြေးပြီတဲ့
နောက်မှတွေ့မယ် တစ္ဆေ ရယ်လို့
ဘကြီးပုစိန်ခေါ်ပြီး ပွဲကိုဆက်သွား
တော့တယ်

အားလုံးလေးစားလျှက်
Johnkhat .ဂျက်ပစီလေး